Local News

ဧည့်မထဆန်(သစ်)၊ဖွဲနုဈေးများတက်၍ ပေါ်ဆန်းမွှေးဆန်(ဟောင်း)၊ ဆန်ကွဲဈေးများ ကျဆင်းကာ ဧည့်မထဆန်(ဟောင်း)နှင့်ပေါ်ဆန်းမွှေးဆန်(သစ်)ဈေးများတည်ငြိမ်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၄.၄.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၈၀၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ)(သစ်)တစ်အိတ် ၅၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၂၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၁၀၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၅၀၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၄၅၀၀ဝကျပ်နှင့် ဖွဲနု တစ်အိတ် ၂၁၆၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ (၁၁.၄.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၈၀၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ)(သစ်)တစ်အိတ် ၆၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၂၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၁၀၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၄၀၀၀ဝကျပ်နှင့် ဖွဲနု တစ်အိတ် ၂၂၈၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၁၀၀၀၀ ကျပ်၊ ဖွဲနုတစ်အိတ် ၁၂၀၀ကျပ်ဖြင့် ဈေးများမြင့်တက်ကာ၊ပေါ်ဆန်းမွှေးဆန် (ဟောင်း)၅၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၅၀၀၀ကျပ်၊ ဆန်ကွဲB(2,3,4)၅၀၀၀ကျပ်တို့ဖြင့် ဈေးများကျဆင်းခဲ့ပြီး ဧည့်မထဆန်ဟောင်း(မနောသုခ)(ဟောင်း)၊ ပေါ်ဆန်းမွှေးဆန်(သစ်) ဈေးများတည်ငြိမ်လျက်ရှိပါ သည်။ ဧည့်မထဆန်(မနောသုခ)(သစ်)နှင့် ဖွဲနုဈေးတို့မြင့်တက်သွားခြင်းမှာ ဝယ်လိုအားများခြင်းကြောင့် ဈေး မြင့်တက်သွားခြင်းဖြစ်ပြီး ပေါ်ဆန်းမွှေးဆန်(ဟောင်း)၊ ဆန်ကွဲB(1,2)နှင့် ဆန်ကွဲB(2,3,4)တို့ ဈေးကျ ဆင်းသွားခြင်းတို့မှာ ဝယ်လိုအားနည်းခြင်းကြောင့် ဈေးသွားဆင်းသွားခြင်းဖြစ်ကြောင်း ပဲခူးကုန်စည်ဒိုင် ဉက္ကဌထံမှ သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

 

Category: Local News